ရန်ကုန် ဇန်နဝါရီ ၂

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ နိုင်ငံတကာ နှစ်သစ်ကူးအထိမ်းအမှတ် စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ နာရီက ဘုရင့်နောင်ပန်းခြံတွင် ကျင်းပသည်။

 

အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် Five Star လူရွှင်တော်အဖွဲ့က ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဖျော်ဖြေပြီး ပြည်သူများကလည်း ပျော်ရွှင်စွာကခုန်သီဆိုကြရင်း နှစ်သစ်ကူးမည့်အချိန်ကို စုပေါင်းကြိုဆိုကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှု၍ Five Star အဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဂီတဖျော်ဖြေရေးပွဲတော်တွင် Countdown ကို တပျော်တပါး သံပြိုင်ရေတွက်ကြပြီး Happy New Year ဟုသံပြိုင်ဟစ်ကြွေးကာ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြို့နယ်(ပြန်/ဆက်)