လှည်းကူး  ၁၇   မတ်

လှည်းကူးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၁၆ ရက်က မြို့နယ် လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

 

5

 

စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် စာရေးဆရာများအသင်း၊ သတင်းစာဆရာများအသင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာအုပ်စာပေ ဖတ်ရှုခြင်းအားဖြင့် စဉ်းစားမှု အတွေးအခေါ်များ မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)