ရန်ကုန် နိုဝင်ဘာ ၁၇
လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား သန့်ရှင်းသောရေများ စဉ်ဆက်မပြတ်ရရှိစေရေး၊ အိမ်သွယ်ရေ တိုင်စနစ်ဖြင့် ပိုက်သွယ်ပြီး စနစ်တကျသုံးစွဲနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေ/သုံးရေ စနစ်တကျသုံးစွဲနိုင်ရေး၊ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရဲမွန်ကျေးရွာ၌ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို လှည်းကူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရဲမွန်ကျေးရွာအုပ်စုအတွင်းရှိပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


