လပွတ္တာ ဇန်နဝါရီ  ၂

 

ဧရာဝတီတိုင်းဒေသကြီး  လပွတ္တာမြို့နယ် အထွေထွေ‌အုပ်ချုပ်‌ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့မွန်းလွဲ ၃  နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပသည်။

 

အခမ်းအနားတွင် လပွတ္တာခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းက အမှာစကားပြောကြားခြင်း၊  လပွတ္တာခရိုင်  ခုတင်  (၂၀၀)  ပြည်သူ့ဆေးရုံကြီးမှ  ဆေးရုံအုပ်ကြီး ဒေါက်တာသီတာအောင်က စံပြမိခင်နှင့်ကလေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခြင်း၊ စံပြမိခင်နှင့်ကလေး ပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မွေးကင်းစမှ ခြောက်လအထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများ၊  အသက်ခြောက်လမှ  တစ်နှစ်အထိ က‌လေးပြိုင်ပွဲတွင်  ဆုရရှိသူများနှင့် အသက်တစ်နှစ်မှ နှစ်နှစ်အထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း  သိရသည်။   

ခရိုင်(ပြန်/ဆက်)