ပုသိမ် ၁၂ မတ် 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော လူငယ်များအား အသက်မွေးဝမ်းကျောင်း အထောက်ကူပြု ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဖွင့်ပွဲကို ပုသိမ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၂) ဦးအောင်သူထွေးက အဖွင့်အမှာစကား ပြောကြားပေးပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေး မှူး ဦးအေးမင်းထွန်းမှ ဒီဇယ်အင်ဂျင်စက် သင်ကြားပေးမည့် ဘာသာရပ်များ နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းကို ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာများမှသင်တန်းသား ၃၀ အား မတ်လ ၃၁ ရက်နေ့အထိ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးမင်းထွန်း ဦးစီးပြီး သင်တန်းနည်းပြများဖြင့် ဒီဇယ်အင်ဂျင်စက်ပိုင်းဆိုင်ရာ အင်္ဂါရပ်နှင့် အစိတ်ပိုင်းများအကြောင်း အခြေခံအင်ဂျင် အဖြုတ်အတက်ဘာသာရပ်စက်ပိုင်းဆိုင်ရာ ပြုပြင်ခြင်းများကို စာတွေ့လက်တွေ့ လုပ်ငန်းခွန် ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပုသိမ်မြိုနယ် အတွင်းရှိ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို သင်ကြားတတ်မြောက်ပြီး အလုပ်ကိုင် အခွင့်အလမ်း ရရှိကာ မိသားစုဝင်ငွေ တိုးတက်မြင့်မားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးသွားပါက အလုပ်ကိုင် ရရှိရန် သင်တန်းသားများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းရှင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍရေးနှစ်တွင် လက်သမားသင်တန်းသား ၆၀၊ ပန်ရံသင်တန်းသား ၂၀၊ ၂၀၁၆ - ၂၀၁၇ တွင် Mobile School Computer သင်တန်းသား ၅၀ ၊ ၂၀၁၇ - ၂၀၁၈ တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ငါးသယံဇတထိန်းသိမ်းရေးသင်တန်း(၁၅)ဦး ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍနှစ်တွင် ကွန်ပျူတာသင်တန်းသား(၂၅)ဦး၊ စက်ချုပ်သင်တန်း ၃၀ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းအမှတ်စဉ်(၁)တွင် သင်တန်းသား ၃၀ စုစုပေါင်း သင်တန်းသား/သူ ၇၀ဝ ကျော်တို့ကို သင်တန်းများပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


မင်းထွန်းဇော်