မအူပင်  ၂၀ အောက်တိုဘာ   

 

မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ ရေကာတာဘေး ဆိုင်ပိုင်ရှင် ဦးသိန်းဟန်၏ ချမ်းသာကြီးကုန်စုံဆိုင်မှစတင်၍ အောက်တိုဘာ ၂၀ ရက် နံနက် ၁ နာရီ ၁၀ မိနစ်က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားရာ နံနက် ၁ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၂ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဦးသန်းဇော်၏သားဖြစ်သူ မောင်အောင်သူ (ဆိုင်ခန်းအတွင်း ရောက်ရှိနေသူ) က ဖယောင်းတိုင်မီးထွန်းရာ ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် မုန့်ခြောက်အိတ်အပေါ် ဖယောင်းတိုင်မီးစက် ကျရောက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ အလျား ၆ ပေ၊ အနံ ၅ ပေအကျယ်ရှိပြီး ဦးသိန်းဟန်၊ ဦးကျော်သက်၊ ဒေါ်ကျင်ရွှေ ဆိုင်ခန်းပိုင်ရှင် (၃)ဦး၏ အရက်၊ ဘီယာ၊ မုန့်မျိုးစုံအရောင်းဆိုင်နှင့် ဆန်းသစ်ရုပ်ရှင်ရုံ အမိုးတို့ မီးစွဲလောင်ခဲ့ပြီး ဦးသန်းဇော်၏သား မောင်အောင်သူ (၂၃) နှစ်မှာ သေဆုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၃)စီး၊ မီးသတ်စက်ယာဉ် ၂ စီး၊ မအူပင်မြို့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းမှ မီးသတ်ယာဉ် (၁)စီး စုစုပေါင်း (၁၃)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)