နေပြည်တော် ၆ စက်တင်ဘာ
စက်တင်ဘာလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၃၉ မိနစ်၊ ၄၉ စက္ကန့်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်- အနောက်တောင်ဘက် (၁၀)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (မြစ်ခြေမြို့၏ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ)ကို ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိအင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၁.၁၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၆)ဒီဂရီ၊ အနက်(၉၃)ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။
MDN


