မြစ်ကြီးနား    ၂  အောက်တိုဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၌ အောက်တိုဘာ ၂ ရက် နံနက်က ရေခဲသေတ္တာ မီးအားထိန်းစက် အပူလွန်ကဲရာမှ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

 ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၄)ရှိ ဒေါ်နန်းမွန်း(၆၄ နှစ်)၏ နေအိမ်မီးဖိုဆောင်တွင် တပ်ဆင်အသုံးပြုသည့် ရေခဲသေတ္တာ မီးအားထိန်းစက် အပူလွန်ကဲရာမှ အိမ်ရှင်ဒေါ်နန်းမွန်း၏ အလျားပေ ၃၀ ၊ အနံပေ ၂၀ရှိ နှစ်ထပ်နေအိမ် တစ်လုံး၊ ဦးတက်နေလင်း၏ နှစ်ထပ်နေအိမ်တစ်လုံးနှင့် ဦးရှောက်ဖူ၏ နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 

8888888888888888888888888888

 

 မီးလောင်ကျွမ်းရာနေရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀၊ နယ်မြေလုံခြုံရေးရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်လေးစီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

5

 

 မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ဒေါ်နန်းမွန်းအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေး ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)