မြစ်သား အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ကင်းတား ရေလှောင်တမံ ဆည်ရေဖြင့် မိုးစပါး စိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး ၅၅၄၈၅ ဧက စိုက်ပျိုးပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအနေဖြင့် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ကင်းတားရေလှောင်တမံဆည်ရေမှ စမာမြောင်း၊ ပန်းလောင်မြစ်နှင့် မြှောင်းကြီးဘောင်းမြစ်တို့မှတစ်ဆင့် ဖြန့်ဝေပေးခဲ့သည်။ ထိုသို့ စိုက်ပျိုးရေ စနစ်တကျဖြန့်ဝေမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခု ၂၀၂၄ - ၂၀၂၅ မိုးသီးနှံစိုက်ပျိုး ရာသီတွင် မိုးစပါး ၅၅၄၈၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိသည်။
မိုးစပါး စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းကောင်းလေ့ရှိပြီး ပန်းတိုင်အထွက်နှုန်းလည်း ပြည့်မီကျော်လွန်သဖြင့် မိုးစပါးစိုက်ပျိုးမှုဖြင့် နိုင်ငံ့စီးပွား တိုးတက်လျက်ရှိကာ တောင်သူများလည်း ထပ်တူအကျိုးခံစားရ၍ အကျိုးစီးပွား ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


