မြစ်သား ဇန်နဝါရီ ၂

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၄) စက်မှုလယ်ယာစခန်းတွင် ပြောင်းမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီက ရွာသစ်ကျေးရွာအုပ်စု တောင်သူဦးတင်ညွန့်၏ လယ်မြေ၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ပြည့်ဖြိုးဦးက အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့် မြို့နယ်စက်မှု လယ်ယာဦးစီးဌာန ဦးစီးဌာနမှူး ဦးထွန်းထွန်းလင်းက ပြောင်းမျိုးစေ့ချ ကိရိယာဖြင့်‌ ဆောင်ရွက်ခြင်းကြောင့် ရရှိမည့်အားသာချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား ပြောင်းမျိုးစေ့ချကိရိယာဖြင့် လက်တွေ့စိုက်ပျိုး ကွင်းသရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)