၁၀ စက်တင်ဘာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် တိုင်းတာရရှိခဲ့သော မြစ်ရေအခြေအနေမျာကို ထုတ်ပြန်ခဲ့ရာ မဒေါက်မြို့နှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာကို ကျော်လွန်ပြီး ၁၁၈၉ စင်တီမီတာ အထိရောက်ရှိနေသလို ရွှေကျင်မြို့တွင် ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၀ဝ စင်တီမီတာကို ကျော်လွန်ပြီး ၇၄၀ စင်တီမီတာအထိ ရောက်ရှိနေသည်။
Myanmar Digital News


