မြောက်ဦး   ၁၈  ဖေဖော်ဝါရီ 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ လော်ကမူရပ်၌ မီးလောင်ဆုံးရှုံးခဲ့ရသော မီးဘေးသင့် ပြည်သူများအား ရခိုင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လောကမာန်အောင် ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စု(၁၄)စုအတွက် ရခိုင်ပြည်နယ် ကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော  Family Kit (၁၄)ဘူး၊ Hygiene Parcel (၁၄)ပုံးနှင့် Diginity Kit (၁၄)အိတ်တို့အား တစ်အိမ်ထောင်စုလျှင် (၃)ခုနှုန်းစီဖြင့် မီးဘေးသင့် အိမ်ထောင်စု (၁၄)စုတို့အတွက် ထောက်ပံ့ပစ္စည်း စုစုပေါင်း (၄၂)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ ကြက်ခြေနီတပ်ဖွဲ့ခွဲ စီမံချက်အရာရှိ ဦးဌေးဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဉက္ကဋ္ဌ ဦးဘိုမောင်၊ ကော်မတီဝင် ဦးမောင်စောထွီးနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

MDN