မုဒုံ ၂၆ နိုဝင်ဘာ
မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ၊ လက်ခပ်တောင်လမ်းဝ၊ မော်လမြိုင်− သံဖြူဇရပ် ကား လမ်း၊ မိုင်တိုင်အမှတ် (၂၁/၂) နှင့်(၂၂/၂)ကြား၌ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ ၁၀ မိနစ် တွင် ခရီးသည်တင် မှန်လုံယာဉ် (၁)စီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သံဖြူဇရပ်မှ မော်လမြိုင်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် နေသူ ယာဉ်မောင်း ကိုအောင်မျိုး မောင်းနှင်လာသော ယာဉ်အမှတ် 5E------“နယူးရွှေလီ” ခရီးသည်တင် မှန်လုံယာဉ်သည် ကားနောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ရာသို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးလွင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမြင့်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ၊ စုစုပေါင်း (၁၀ဝ) ဦးခန့်တို့က မီးငြိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။
မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကိုအောင်မျိုးအား မုဒုံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


