မော်လူး ၃၁ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ရွှေဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ရာ လက်ဝတ်ရတနာမျိုးစုံ အချိန် ၅ ပိဿာခန့် ပျောက်ဆုံးခဲ့ကြောင်း မော်လူးရဲစခန်းနယ်မြေက သိရသည် ။

 

1

 

ဖြစ်စဉ်မှာ မော်လူးမြို့ မင်းရာဇာရပ်ကွက် လမ်းမတော်လမ်းနေ ရွှေဆိုင်ပိုင်ရှင် ဦးရန်နိုင်မျိုးသည် ယနေ့ နံနက် အစောပိုင်း ၄ နာရီ အချိန်ခန့်က နေအိမ်အပေါ်ထပ်မှ အောက်ထပ်သို့ဆင်းလာစဉ် ရွှေထည်ကောင်တာရောင်ချသည့် မှန်ကောင်တာ ၆ ခုအနက် ၄ ခုမှာ ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ ရွှေထည်ပစ္စည်းများနှင့် အပေါင်ခံ ရတနာရွှေထည်ပစ္စည်းများပါ ပျောက်ဆုံးနေကြောင်း၊ သိရပြီး အဆိုပါဖောက်ထွင်းမှုကြောင့် ပျောက်ဆုံးသွားသော လက်ဝတ်ရတနာ အထည်ပစ္စည်းမျိုးစုံမှာ စုစုပေါင်းကျပ်သိန်း (၅၅၀ဝ) ခန့် ၊ပိဿာချိန်(၅) ပိဿာခန့် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသဖြင့်  မော်လူးနယ်မြေရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည် ။

 

နီတိုး