မြောင်းမြ ၁၀ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သဲပုံရေယာဉ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြောင်းမြ-လူတော်ကျေးရွာပြေးဆွဲနေသော ရေယာဉ်တစ်စင်း နံနက် ၇ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု သတင်းရရှိသဖြင့် မြောင်းမြခရိုင်မီးသတ်စခန်းနှင့် မြောင်းမြမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ရေယာဉ်လုပ်သား အမျိုးသား တစ်ဉီး သေဆုံးပြီး ကျန်ရေယာဉ်လုပ်သား သုံးဦးအနက် ကျား(၁)ဦး၊ မ(၁)ဦး (မစိုးရိမ်ရ)နှင့် မ(၁)ဦး(စိုးရိမ်ရ)တို့ကို ကရုဏာရှင်အသင်းမှ သူနာတင်ယာဉ်ဖြင့် မြောင်းမြပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဉီးစီးဌာနမှ သိရသည်။
MDN
Photo - Myanmar Fire Services Department


