နေပြည်တော် ၇ စက်တင်ဘာ
စက်တင်ဘာ ၆ ရက် ည ၁၀ နာရီက ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ လသာကျေးရွာနေ ဆွေယော့ဒူးယောင်း (၄၀)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ မီးဖိုဆောင်အတွင်း ထင်းပုံအောက်၌ မြေကျင်းတူး၍ဝှက်ထားသည့် WY စိတ်ကြွဆေးပြား ၈၁၇၀ ပြားအားလည်းကောင်း၊ နေအိမ်၏အရှေ့ဘက် ကပ်လျက်ရှိ ၎င်း၏သမီးဖြစ်သူ မမီနာယာ (၂၂)နှစ်၏နေအိမ်အား ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း မြေကျင်းတူး၍ဝှက်ထားသည့် ဆာလာအိတ် ၂ အိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၄၄၆၅၀ဝ ပြားအားလည်းကောင်း၊ စုစုပေါင်း စိတ်ကြွဆေးပြား ၄၅၄၆၇၀ ပြား (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၉၀၉၃ ဒသမ ၄ သိန်း) ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
စစ်ဆေးချက်များအရ တစ်ရွာတည်းနေ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင် (၄၀)နှစ်နှင့် ၎င်း၏ညီ ဖွေယော့ဇူအီစ္စလာမ် (၃၈)နှစ်တို့၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရ၍ ဆက်လက်ရှာဖွေဖမ်းဆီးခဲ့ရာ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင်အား ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ဖွေယော့ဇူအီစ္စလာမ်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ဆွေယော့ဒူးယောင်း၊ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင်(မိ)နှင့် ဖွေယော့ဇူအီစ္စလာမ် (မမိ)တို့(၃)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၁ ဖြင့် လည်းကောင်း၊ မမီနာယာအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း မောင်တောမြို့မရဲစခန်း၌ အသီးသီးအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MDN


