ရန်ကုန် ဇန်နဝါရီ ၂
၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၂)ကို ဇန်နဝါရီ ၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။
ပွဲစဉ် (၂) တွင် KKY အသင်းက Kyaung Sayar Tharhtwe အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ YRG Academy အသင်းက 7 Dragon အသင်းကို လေးဂိုး-သုံးဂိုး၊ Maryar Noka အသင်းက Black Cross အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ ULAD အသင်းက Milksteak အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Galaxy အသင်းက JZ Yangon အသင်းကို ငါးဂိုး-တစ်ဂိုး၊ 7 Brother အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၀ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပွဲစဉ် (၂) အပြီးတွင် 7 Brother အသင်း၊ Maryar Noka အသင်းနှင့် ULAD အသင်းတို့က နှစ်ပွဲစလုံးအနိုင်ရရှိကာ ခြောက်မှတ်စီရရှိထားပြီး KKY အသင်း နှင့် YRG Academy အသင်းတို့က တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ လေးမှတ်စီ၊ Milksteak အသင်း နှင့် Galaxy အသင်းတို့က တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ သုံးမှတ်စီ၊ 7 Dragon အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့က တစ်ပွဲသရေ၊ တစ်ပွဲရှုံး တစ်မှတ်စီရရှိထားပြီး Kyaung Sayar Tharhtwe အသင်း၊ JZ Yangon အသင်း၊ Black Cross အသင်းတို့က နှစ်ပွဲ ကစား နှစ်ပွဲရှုံး အမှတ်မရသေးပေ။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


