စစ်ကိုင်း  ၁၈  မတ်  

 


စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီးစေတီတော် နဝမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ယမန်နေ့ နံနက်ပိုင်း အချိန်က ပင့်သံဃာ ၁၁၁ ပါးတို့အား စာရေးတံမဲနှင့် လှူဘွယ်ပစ္စည်းများဆွမ်းကြီးလောင်းလှူ ကြောင်း ဘုရားဂေါပက အဖွဲ့ထံက သိရသည်။        

 


နဝမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် မဟာစည်းခုံကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၏ ဆွမ်းကြီးလောင်းလှူပွဲတွင် ပင့်သံဃာ အပါး ၁၁၁ ပါးတို့အား ငွေကျပ်တစ်သောင်းမှ ငွေကျပ် နှစ်သိန်းအထိဝတ္ထူ ငွေစာရေးတန်မဲနှင့်အတူ ပါရမီရပ်ကွက်နေ အလှူရှင်များနှင့် စစ်ကိုင်းမြို့ ရှိ ဌာနဆိုင်ရာများ မှလည်း ငွေသားနှင့်စာရေးတံမဲပစ္စည်းများ လာရောက်လောင်းလှူခဲ့ကြောင်း ဂေါပကအဖွဲ့ ထံက သိရသည်။

 


စစ်ကိုင်းမြို့၊ပါရမိရက်ကွက်ရှိ မဟာစည်းခုံကြီးစေတီတော်ကြီးကို စစ်ကိုင်းမြို့တည်၊နန်းတည် အင်္သခယာစောယွန်းမင်း၏ သမက်တော် သီဟပတိမင်းက သက္ကရာဇ် ၇၁၄ ခုနှစ် တပေါင်းလဆန်း(၁၁)ရက်နေ့တွင် သံတောင် ၁၁၀ အချင်းရှိသော စေတီတော်ကြီးအား တည်ထားကိုးကွယ်ခဲ့သည်။

 


မဟာစည်းခုံကြီးစေတီတော်ကြီးမှာ ရာသီဥတုဒဏ်၊ ငလျင်ဒဏ်နှင့်နှစ်ကြာမြင့်မှုကြောင့် အုတ်ပုံကြီးအဖြစ်ရောက်ရှိခဲ့ကာ ၂ဝဝ၉ ခုနှစ်တွင် သီတဂူဆရာတော်ကြီး သြဝါဒခံယူ၍ အလှူရှင်များ ကောင်းမှုဖြင့် ဆရာတော်ကြီးမှ ဦးဆောင် ပြုပြင်ခဲ့ကြောင်း၊ ယခုအခါ ဖိနပ် တော်အလျားပေ ၁၇ဝ၊ ဉာဏ်တော်အမြင့် ၁၄၆ ပေရှိ စေတီ တော်ကြီးကို သပ္ပာယ်စွာဖူးတွေ့ ကြရပြီဖြစ်ကြောင်း သိရသည်။

 


ကိုမင်း(အင်းတော်)