ရန်ကုန် ၁၈  ဖေဖေါ်ဝါရီ 

 

ဒဂုံမြို့နယ် မဟာဝိဇယစေတီတော် ၃၄  ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ဖေဖေါ်ဝါရီ  ၁၈ ရက် မွန်းလွဲပိုင်းက မဟာဝိဇယ စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။ ထမနဲ ထိုးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသည်။

 

ထမနဲထိုးပြိုင်ပွဲတွင် ပထမအလုံမြို့နယ်၊ ဒုတိယဗဟန်းမြို့နယ်၊ တတိယလှိုင်မြို့နယ်တို့က ရရှိကြပြီးဆုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ နှင့် မဟာဝိဇယ စေတီတော်ဂေါပက အဖွဲ့ဝင်များက ပေးအပ်ကြသည်။

 

အောင်သူရ