ကျောင်းကုန်း   ၁၉   ဖေဖော်ဝါရီ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကျောင်းကုန်းမြို့တွင် မိခင်ဝိုင်း(၅)ဝိုင်း ဖွင့်လှစ်နိုင်ရေး လူကယ်ပြန်ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြောကြားပြီး၊ မြို့မိမြို့ဖ ဒေါက်တာသန်းနိုင်ဦး က ယခုအသိပညာပေး သင်တန်းကို ကျောင်းကုန်းမြို့တွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ မိခင်ဝိုင်း တစ်ဝိုင်းလျှင် ဝိုင်းခေါင်းဆောင် တစ်ဦး၊ ပံ့ပိုးသူ နှစ်ဦးနှင့် မိခင်သုံးဦး၊ မိခင်ဝိုင်း(၅)ဝိုင်းစာအတွက် ၃၀ နှင့် ရေကြည်မြို့နယ်မှ ၅ ဦးစုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်း ကာလမှာ သုံးရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းကြိုင်(ပြန်/ဆက်)