စေတုတ္တရာ ၁၄ မတ်    

 

စေတုတ္တရာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် “ဝဥ” များ စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးနိုင်စေရန် ရည်ရွယ်ပြီး ဦးမိုးမင်းဦး(ခ)ဦးရွှေသွေး ဦးဆောင်သော မိရအိ (MIRAI) ဂျပန် စာသင်ကျောင်းမှ အလုပ်အကိုင်ရရှိရေးအတွက် ဂျပန်ဘာသာစကားပြောသင်တန်းနှင့် “ဝဥ” စိုက်ပျိုးရေး ပညာပေး ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် စေတုတ္တရာမြို့ အမှတ်(၁) ရပ်ကွက်  ရန်အောင်ဘုံသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

 

အဆိုပါသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ပညာအရည်အချင်း (၈) တန်းမှ ဘွဲ့ရအထိ သင်ကြားပေးခြင်း ဖြစ်သည်။ ယခုနှစ်ဆိုလျှင် သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး  သင်တန်းသား ၆၀ ကျော်ကို မတ်လ ၁၄ ရက်မှ ဧပြီလ ၁၂ ရက် အထိ တစ်လကြာ သင်ကြားပို့ချသွားမည် ဖြစ်သည်။ အစိုးရဝန်ထမ်းများအနေဖြင့်လည်း စနေ၊  တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တက်ရောက်နိုင်ကြောင်း သိရှိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

 

01