မိတ္ထီလာ ၁၈ အောက်တိုဘာ
မိတ္ထီလာခရိုင်အတွင်း ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆ ထိခိုက်မှု ၂၅၄ မှုဖြစ်ပွားခဲ့ရာ ၃၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၀၃ ဦး သေဆုံးခဲ့ကြောင်း အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (မိတ္ထီလာ)ရုံးမှ သိရသည်။
“မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ဝမ်းတွင်းမြို့နယ်များတွင် ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွားစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် ထိန်းသိမ်းကြပ်မတ်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းပေးခြင်းများဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းရာ၌ ဦးထုပ်မဆောင်သူများ၊ ယာဉ်မောင်း လိုင်စင်မရှိသူများ၊ မော်တော်ကားမောင်းနင်စဉ် ခါးပတ်မပတ်သူများစသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မညီညွတ်ပါက အရေးယူခြင်းလုပ်ငန်းများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုသို့ အသိပညာပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် စာသင်ကျောင်းများတွင် အသိပညာပေးခြင်း၊ လမ်းဆုံလမ်းခွ နေရာများ၊ လူစည်ကားရာနေရာတွင် မိုးဘိုင်းလ်မော်တော်ယာ်ယာဉ်များဖြင့် အသိပညာပေးခြင်းများ၊ အရက်သေစာသောက်စားပြီး မောင်းနင်းမှု မရှိစေရန် အသိပညာပေးခြင်းများကို ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များနှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို နေ့ညမပြတ် အချိန်နဲ့ တပြေညီ ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျင် မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းအညီ စီးနင်းလာကြောင်း” အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ဒုရဲမှူး ရန်နိုင်က ပြောကြားခဲ့သည်။
မိတ္ထီလာခရိုင်အတွင်း ၂၀၁၉ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ရာ ဇန်နဝါရီလတွင် (၃၂)မှု၊ ဒဏ်ရာရရှိသူ(၄၃)ဦးနှင့် သေဆုံး (၁၄)ဦးရှိပြီး ဖေဖော်ဝါရီလတွင်(၂၅)မှု၊ ဒဏ်ရာရရှိသူ(၄၅)ဦးနှင့် သေဆုံးသူ(၁၀)ဦးရှိခဲ့သည်။ ၎င်းအပြင် မတ်လတွင် (၃၄)မှု၊ ဒဏ်ရာရရှိသူ(၄၅)ဦးနှင့် သေဆုံးသူ(၈)ဦးရှိပြီး ဧပြီလတွင် (၂၉)မှု၊ ဒဏ်ရာရရှိသူ(၃၁)ဦးနှင့် (၉)ဦး သေဆုံးခဲ့သည်။ ထို့အပြင် မေလတွင် (၂၄)မှု၊ ဒဏ်ရာရရှိသူ (၃၆)ဦးနှင့် သေဆုံးသူ(၁၀)ဦးရှိပြီး ဇွန်လတွင် (၂၆)မှု၊ ဒဏ်ရာရရှိသူ(၄၅)ဦး နှင့် (၁၅)ဦးသေဆုံးခဲ့သည်။ ယင်းနောက် ဇူလိုင်လတွင် (၃၁)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ(၇၇)ဦး ၊ သေဆုံသူ(၁၁)ဦးနှင့် သြဂုတ်လတွင် (၃၂)မှု ဒဏ်ရာရရှိသူ(၃၉)ဦးနှင့် သေဆုံသူ(၁၅)ဦးရှိခဲ့ပြီး စက်တင်ဘာလတွင် (၂၁)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာ ရရှိသူ(၃၀)ဦးနှင့် (၁၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


