မိတ္ထီလာ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် မကျီးပင်ပုကျေးရွာ မကျီးပင်ပု (အရှေ့)စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား ဦးဌေးဝင်း၏ လယ်မြေ ငါးဧကတွင် ဧရာမင်းစပါးများ ရိတ်သိမ်းနေမှုကို ယမန်နေ့က ကြည့်ရှုအားပေးသည်။
ထို့နောက် တာဝန်ရှိသူများသည် မကျီးပင်ပု(အရှေ့) စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းတွင် အသင်းသားတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး အသင်းသားတောင်သူ ၁၆ ဦး၏ မိုးစပါး ၆၅ ဧက စိုက်ပျိုးထားရှိမှုအပေါ်တွင် အသင်းသားတောင်သူများအနေဖြင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် အထွက်တိုး မျိုးကောင်းမျိုးသန့်များ တစ်ဆက် တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


