မိတ္ထီလာ အောက်တိုဘာ ၂၉

 

မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးချစ်မြိုင်၏ မိုးဝါနှစ်ဧက စိုက်ခင်းတွင် မိုးဝါခူးဆွတ်နေမှုကို မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုသည်။

 

အဆိုပါ အသင်းသားတောင်သူ၏ နှစ်ဧက မိုးဝါစိုက်ခင်းမှ နှစ်ကြိမ် ခူးဆွတ်ပြီးစီးချိန်တွင် တစ်ဧက ၁၄၂ ပိဿာ ရရှိပြီးဖြစ်ကာ ကျန်ရှိဝါများ ခူးဆွတ်ပြီးပါက ပန်းတိုင်အထွက်နှုန်း ပိဿာ ၇ဝဝ ကျော် ရရှိမည် ဖြစ်သည်။

 

မြို့နယ်အတွင်း သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးဝါ စိုက်ပျိုးသည့် ရွှေဝါမြေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ၁၂ ဦး၏ မိုးဝါ စိုက်ဧက ၄၁ ဧက၌ Raka-666 နှင့် TBL-195 ဝါမျိုးများစိုက်ပျိုးထားရှိရာ အဆိုပါအသင်းသား တောင်သူများ စိုက်ပျိုးထွက်ရှိသည့် မိုးဝါများအား ဈေးကောင်းရရှိရေးနှင့် ဈေးနှိမ်ခံရခြင်း မရှိစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)