ရန်ကင်း အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မိုးကောင်းဆုတောင်းပြည့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူး၍ (၁၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပနိုင်ရေး မြို့နယ်သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူပွဲကို အောက်တိုဘာ ၂၇ ရက်က အဆိုပါ စေတီတော်ရင်ပြင်ရှိ အရိယာဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က သာသနာရေးဆိုင်ရာ များလျှောက်ထားပြီး မြို့နယ်သြဝါဒါစရိယ ဆရာတော်ကြီးများက သြဝါဒကထာမြွက်ကြားသည်။ ထို့နောက် စေတီတော် ဂေါပကအဖွဲ့က ဆောင်ရွက်ရန် ကိစ္စရပ်များကို လျှောက်ထားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ သြဝါဒခံယူပွဲကို ရုပ်သိမ်းခဲ့သည်။
လှလှထွေး(ပြန်/ဆက်)


