မိုးမောက် ၂၇ စက်တင်ဘာ
ကချင်ပြည်နယ် ၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် ဒေါ်ရီလင့်(၅၉)နှစ် ကုန်စုံဆိုင် လွပ်လပ်ရေးကျောက်တိုင် လမ်းဆုံအနီးရှိ အိမ်ဈေးဆိုင် ပေ(၄၀×၆၀) သွပ်မိုး/နံကပ်/ပျဉ်ခင်း (၂)ထပ်နေအိမ်သည် ယနေ့ နံနက် ၄ နာရီအချိန် ခန့်တွင် ရေချိုးရန်အတွက် ရေချိုးခန်းအတွင်း လျှပ်စစ်ရေ နွေးဂေါက်ဖြင့် ရေနွေးကျိုရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မိုးမောက်မြို့မီးသတ် ဦးစီးဌာနမှ သန္ဓေ(၁၅)ဦးနှင့် ယာဉ်(၂)စီး ၊ ဗန်းမော် မီးသတ် ဦးစီးဌာနမှ သန္ဓေ(၁၃)ဦး နှင့်မီးသတ်ယာဉ်(၃)စီးတို့ဖြင့် မီးငြှိမ်း သတ်ခဲ့ရာ နံနက် ၅ နာရီခန့်တွင် မီးအပြီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။
လွန်းနန်းထွေး


