နေပြည်တော် ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဘော်ဒေကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်ညပိုင်းက ကလေးနှစ်ဦး မီးခြစ်ဖြင့်ကစားရာ ၎င်းတို့နေထိုင်ရာ တဲမီးလောင်ခဲ့ပြီး မီးလောင်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဘော်ဒေကျေးရွာ ဆင်သေချောင်းအနီး ဆင်းဝိုင်းဟောင်းတဲနေ ဦးစိုးမင်း (၄၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ဝင်း(၆၀)နှစ်တို့ နှစ်ဦးသည် အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီခွဲက မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ကျေးလက်ကျန်းမာရေးဆရာမထံ ဆေးကုရန်လိုက်ပို့စဉ် ၎င်းတို့၏ သားများဖြစ်သည့် မောင်စည်သူ (၃)နှစ်နှင့် မောင်ငြိမ်းချမ်း (၁)နှစ်ခွဲတို့ နှစ်ဦးသည် အိပ်ယာပေါ်တွင် မီးခြစ်ဖြင့်ကစားရာ ခြင်ထောင်မှတစ်ဆင့် တဲအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး တဲ ၁ လုံးဆုံးရှုံးကာ မောင်စည်သူပါ ကလေး ၂ ဦးမှာလည်း မီးလောင်သေဆုံးသွားခဲ့သောကြောင့် မိုးမိတ်မြို့မရဲစခန်းမှ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
MDN


