မိုင်းပျဉ်း ၁၁ မတ်    


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မတ် ၁၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝီလျံနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရမောင်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့ကြသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)