မိုးညှင်း အောက်တိုဘာ ၂၁
ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ ဆရာမ များအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၈ ရက်က တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်က သင်တန်းတက်ရောက်လာကြသည့် ဆရာ ဆရာမများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်က သင်တန်းသို့ တက်ရောက်လာသည့် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့မှ ဆရာ ဆရာမများ စုစုပေါင်း ၁၅၁ ဦးအား သင်တန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများအား သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချနေမှု အခြေအနေများကို တက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခ (ဌာနမှူး)တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း


