နေပြည်တော် ၂၅  အောက်တိုဘာ

ဝန်းသိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဝန်းသိုမြို့နယ်၊ ပန်းတိန်ကုန်း ကျေးရွာအုပ်စု၊ အောက်တောကျေးရွာနေ ခင်အောင်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဒေါ်မိဝင်း အားတွေ့ရှိရပြီး နေအိမ်မှ ဘိန်းစိမ်း ၅ ဒသမ ၅၃ ကီလိုနှင့် မြန်မာ ငွေကျပ် ၁၄ သိန်း တို့ကိုသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၉)ဟုမ္မလင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ အောင်မြင်ငြိမ်ကျေးရွာအနီး၊ ဖောင်းပြင်-ပင်လည်ဘူး သွားကားလမ်းတွင် သီဟအောင်(ခ)ညီညီ မောင်းနှင်ပြီး ဝင်းမင်းထွန်း(ခ)သာပိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ဘိန်းဖြူဂရမ် ၄၄၀၊ ဓားရှည်တစ်ချောင်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

ထို့အတူ အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ သပြေရေကျေးရွာအနီး ပြင်ဦးလွင်မြို့ရှောင် လမ်းတွင် ကျော်လင်းအောင်(ခ)သန်းမင်းစိုး မောင်းနှင်ပြီး ချစ်ကို(ခ)စိုးပေ လိုက်ပါလာသည့်  Nissan Diesel အမျိုးအစား (၆)ဘီးမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၇ သိန်း၊ အိုက်စ် ၆၅၀ ဂရမ်နှင့် လက်ကိုင် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက တပ်မတော်မှ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ပန်ကော်ကျေးရွာအနီးရှိလျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးအကြေမှုန့် ၈၀ဝ ဂရမ်၊ ၁၂ ဗို့ (၁)လက်၊ အမ်-၁၆(၁)လက်၊ အိပ်ချ်ကေ(၁)လက်၊ အေကေ-၄၇(၄)လက်၊ ၅.၅၆ ကျည်(၆၆)တောင့်၊ ပွိုင့် ၃၂ ကျည်(၃၂)တောင့်၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ အေကေ-၄၇ ကျည်အိမ်(၅)ခု၊ အိပ်ချ်ကေကျည်အိမ်(၂)ခု တို့အားသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(ရဲပြန်ကြား)