သရက်ချောင်း    ၁၇   နိုဝင်ဘာ

 

၂၀၁၉ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံအသက် (၁၆)နှစ်အောက် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ ညနေ(၃)နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဗိုလ်လုပွဲတွင် အ.ထ.က(ကမြိုင်)အသင်းနှင့် အ.ထ.က(သရက်ချောင်း)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အ.ထ.က(သရက်ချောင်း)အသင်းက သုံးပွဲအပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ ပထမ၊ ဒုတိယဆုရရှိသောအသင်း အားကစားသမားများကို  အ.ထ.က(သရက်ချောင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် တာဝန်ရှိသူတို့က လည်ဆွဲဆုတံဆိပ်များနှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် ပထမဆုရရှိ သော အ.ထ.က(သရက်ချောင်း)အသင်းကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုး က တံခွန်စိုက် ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)

 

IMG_2