နေပြည်တော် ၇ အောက်တိုဘာ
မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီက ထီးချိုင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးချိုင့်-ကျောင်းကုန်း ကားလမ်းတွင် မောင်ခင်ထွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၁,၄၀ဝ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ည ၇ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု(၅) ကလေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ချောင်းခွပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွန်ဆုန်းထန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈၀ဝ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၅၈)မိုးမိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ ဘုံပျံချောင်လမ်းနေ ငွေနှင်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃,၈၂၉ ပြား၊ ငွေကျပ် ၂၂၀,ဝဝဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ ည ၈ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာနေ ဒေါ်ကြွေ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၇၀ နှင့် ငွေကျပ် ၂၂,ဝဝဝ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


