အိမ်မဲ ၁၀ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် ဌာနဆိုင်ရာများ၊ မြို့နယ်ပရဟိတအဖွဲ့၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မတ် ၉ ရက် နံနက် ၆ နာရီခွဲက ဆောင်ရွက်သည်။
အဆိုပါဆောင်ရွက်မှုတွင် အိမ်မဲမြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ပရဟိတအဖွဲ့တို့မှ စုပေါင်း၍ ချောင်းဝရပ်ကွက် ရွေပုဇွန်လမ်း ၄ လမ်းမှ ၉ လမ်းအထိ အမှိုက်ကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းပေးခြင်း၊ လမ်းဘေးရှိမြက်များကို ရှင်းလင်းပေးခြင်း၊ အမှိုက်များကို မီးရှို့ပေးခြင်း၊ အမှိုက်ကားများဖြင့် အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်သည်။
လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်မိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


