မုံရွာ ၁၂ မတ် 

 

မြို့ပေါ်ရပ်ကွက်များနေပြည်သူများ ချက်ပြုတ်ရာတွင် ထင်းအစားအခြားလောင်စာများ သုံးစွဲလာသဖြင့် အိမ်တိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိရေးကို အသိပညာပေးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မုံရွာခရိုင် မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်၏ ပြောကြားချက်အရ သိရသည်။

 

ယခင်က ချက်ပြုတ်ရေးတို့တွင် ထင်း၊ မီးသွေးလောင်စာများကို အများဆုံးအသုံးပြုလျက်ရှိရာမှ ထင်းနှင့် မီးသွေးဈေးနှုန်းများ မြင့်တက်လာသဖြင့် ၎င်းလောင်စာများအစား၊ လျှပ်စစ်မီးနှင့် ဂက်စ်တို့ကို အသုံးပြုမှု များလာသဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးကို လုပ်ဆောင်နိုင်ရန်အတွက် အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများ အသင့်ထားရှိရန် လှုံ့ဆော်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

မီးသတ်ဆေးဘူးများကို အိမ်တိုင်းတွင် ထားရှိရန်လိုအပ်သကဲ့သို့ ယခင်ကထားရှိသည့် မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များနှင့် သဲများနှင့် ရေကန်များကိုလည်း အသင့်ထားရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

ဝင်းဦး(ဇေယျာတိုင်း)