မကွေး  အောက်တိုဘာ  ၂၇

 

မကွေးတိုင်းဒေသကြီး   မကွေးမြို့နယ်၌   မီးလန့်မှု၊   မီးလောင်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအတွက်    စစ်ဆေးခြင်းကို   ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

 

အဆိုပါ  စက်သုံးဆီဆိုင်များ  မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး   ဦးသန့်စင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေး တပ်ဆင်ထားသော  မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ  အဆင်သင့် ဖြစ်စေရေး စီမံဆောင်ရွက်ထားရန်၊ ရေရှိရေး စီမံဆောင်ရွက်ထားရန်၊  စက်သုံးဆီဆိုင်ဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများ   လက်တွေ့ကိုင်တွယ် အသုံးပြုတတ်စေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ပေးခြင်းများ စီမံဆောင်ရွက်သွားရန်တို့ကို စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

                              

မောင်ခိုင်မင်း(ပြန်/ဆက်)