မကွေး အောက်တိုဘာ ၂၃
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးက ကြီးမှူးကျင်းပသော ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ညွှန်ကြားရေးမှူး မြို့ပြရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ (မွမ်းမံ) သင်တန်းသို့ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ် (နေပြည်တော်) ငွေစာရင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာရေး) အပါအဝင် မကွေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တက်ရောက် သင်ကြားပို့ချပေးသည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးအရာရှိ (ဘဏ္ဍာရေး)နှင့် ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးများမှ တာဝန်ခံ စာရင်းကိုင်များ အပါအဝင် သက်ဆိုင်ရာ ခရိုင်အလိုက် ငွေစာရင်းဝန်ထမ်းများ စုစုပေါင်း သင်တန်းသားဦးရေ ၂၂ ဦးတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက် အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


