၂၅ အောက်တိုဘာ
ပေါ်တူဂီနိုင်ငံမှာ အောက်တိုဘာလဆန်းပိုင်းက မွေးဖွားခဲ့တဲ့ ကလေးတစ်ဦးမှာ နှာခေါင်းနဲ့ မျက်လုံးတွေမပါတဲ့ ကလေးငယ် တနည်းပြောရရင် ဦးခေါင်းတစ်ခြမ်းမပါတဲ့ ကလေးတစ်ဦးမွေးဖွားပြီး အဲဒီကလေးရဲ့ မိခင်ကို စစ်ဆေးပေးတဲ့ ဆရာဝန်တစ်ဦးကို အလုပ်က ရပ်နားလိုက်တာဖြစ်ပါတယ်။
ကလေးငယ် ရော့ရီဂို ရဲ့ မိဘများက ကလေးငယ် မမွေးဖွားခင်အချိန်အထိ သူတို့ သားငယ်ရဲ့ ကိုယ်ခန္ဓာဟာ ပုံမှန်မဟုတ်တာကို မသိရဘူးဖြစ်ပါတယ်။ ရော့ရီဂိုရဲ့ မိခင်ဟာ ဒေါက်တာ အာသာ ကာဗာဟို နဲ့ အာထွာဆောင်း သုံးကြိမ်တိတိ ပြင်ပဆေးရုံတစ်ခုမှာ ရိုက်ခဲ့ကြောင်း သိရပါတယ်။ မိခင်လောင်းက လေးကြိမ်မြောက် 5D အာထွာဆောင်းကို တခြားဆေးခန်းတစ်ခုမှာ ရိုက်ကြည့်ရာ ကလေးငယ်ဟာ ပုံမှန်မဟုတ်နိုင်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မိခင်လောင်းရဲ့ ကိုယ်ဝန်ဟာ ခြောက်လ အထိ ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ကလေးငယ် ရော့ရီဂို ဟာ မွေးဖွားပြီး မကြာမီမှာ နာရီပိုင်းသာ အသက်ရှင်နိုင်မယ်လို့ ဆိုပေမယ့် အခုဆိုရင် သီတင်းနှစ်ပတ်အထိ ဆေးရုံရဲ့အထူးစောင့်ရှောက်ရေးအခန်းမှာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။
ဒေါက်တာ ကာဗာဟိုရဲ့ အလုပ်နဲ့ပတ်သတ်ပြီး တိုင်ကြားရာ ၂၀၁၃ ခုနှစ်ကလည်း ဒေါက်တာကာဗာဟိုကို တိုင်ကြားထားကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒေါက်တာ ကာဗာဟိုကို အနည်းဆုံး ခြောက်ကြိမ် တိုင်ကြားထားကြောင်း သိရပါတယ်။
MDN
ကုိးကား - AFP


