နိုဝင်ဘာ ၂၅
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၅၅ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၆၀၂၈၃၅ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၅၇၃၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၇ ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူပေါင်း ၃၀၁၄၇ ဦး ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူ ၂၅၀၃၄၂၇ ဦးအထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားဆဲလူနာ ၆၉၂၆၁ ဦးရှိပြီး အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၀၆ ဦးရှိသည်။
နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ပြီး ၇၆ ဒသမ ၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


