မလှိုင် ၁၇  အောက်ဆိုဘာ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ၂၀၁၉ အောက်တိုဘာ ၁၇ရက် နံနက် ၉နာရီခွဲခန့်က လက်နက်ကိုင်ဆောင် သွားလာနေသူတစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း မလှိုင်မြို့မ ရဲစခန်းမှ သိရသည်။

 

1

 

ဖြစ်စဉ်မှာ ဒုရဲအုပ်ဝေဇင်ထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ သက်သေရပ်ကွက်လူကြီးများနှင့်အတူ မှုခင်းကျဆင်းရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မလှိုင်မြို့ အမှတ် ၂ ရပ်ကွက် မိတ္ထီလာ-မြင်းခြံသွား ကားလမ်း စိမ်းမြညို လက်ဖက်ရည်ဆိုင်ရှေ့အရောက်တွင် မလှိုင်မြို့ ကျောက်တန်းကျေးရွာအုပ်စု လယ်ဟောင်းကျေးရွာနေ မောင်ပြုံး(ခ)သိန်းဘိုဘို စီးနင်းလာသော နံပတ်မပါ CANDA-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား(လိုင်စင်မရှိ) ရပ်တန့်ရှာဖွေ စစ်ဆေးရာ ၄င်း၏ခန္ဓာကိုယ်ပေါ်တွင် လွယ်ထားသည့် အနက်ရောင်ဓါးအိမ်တွင် တပ်လျက် အရိုးအသွား ၂၀လက်မခွဲရှိ ဓါးဦးချွန်တစ်ချောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

မောင်ပြုံး(ခ)သိန်းဘိုဘိုအား မလှိုင်မြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်း သိရသည်။

 

ဘိုဘို(မလှိုင်)