ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၀ ရက်က မင်္ဂလာဒုံမြို့နယ်အတွင်း ရွှေထည်များနှင့် လက်ကိုင်ဖုန်းများ လုယက်ကျူးလွန်သူ အောင်သူဟိန်း (ခ) မျက်နှာမဲအား ဖမ်းဆီးရမိသဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုးယူလုယက်မှုကျူးလွန်သူအားအခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ မရှိ ဆက်လက် စစ်ဆေးခဲ့ရာ ၎င်းသည် သက်နိုင်ဦး (ခ) ရခိုင်လေး၊ နိုင်လင်းတို့နှင့်အတူ အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းက မင်္ဂလာဒုံမြို့နယ်မှ ရွှေထည်ပစ္စည်းခိုးမှုလေးမှုနှင့် လက်ကိုင်ဖုန်း လုယက်မှု ကိုးမှုအား ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်လင်း


