၁၉ နိုဝင်ဘာ
ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး မွန်ဂိုလီးယားမှာ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရန် အစားထိုး လောင်စာတောင့်တွေကို စတင်သုံးစွဲလာကြပါတယ်။
အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်လေးလရှိနေတဲ့ ဂျီရယ် ဂန်ဘာတာဟာ အောက်တိုဘာလရဲ့ အလွန်အေးတဲ့ တစ်ညမှာ မွန်ဂိုလီးယားရိုးရာအိမ် (ခေါင်းမိုးအဝိုင်းနဲ့ပြတင်းပေါက်မပါရှိသောမြေစိုက်အိမ်ဖြစ်ပြီး အိမ်ကို သားရေ သို့မဟုတ် သားရေလိုအစတွေနဲ့ ဖုံးအုပ်ထားတဲ့အိမ်) မှာ မိဘများနဲ့ အတူနေရန် ပြန်ရောက်လာခဲ့ပါတယ်။
ဂျီရယ်ရဲ့ မိဘအိမ်မှာ သူမရောက်ရှိပြီး နာရီအနည်းငယ်အတွင်းမှာ သူမနဲ့တူ သူမမိဘများဟာ အသက်ရှူမဝဘဲ မူးဝေလာရာ အကူအညီခေါ်ခဲ့ပေမယ့် ဂျီရယ်ဟာ ဆေးဝါးအကူအညီရောက်ရှိချိန်မှာ သေဆုံးပြီးဖြစ်ပါတယ်။ အဲဒီနေ့က အစားထိုးလောင်စာတောင့်ကို စတင်သုံးစွဲတဲ့နေ့လို့လည်း သိရပါတယ်။
အစိုးရက ထုတ်လုပ်ထားတဲ့ အစားထိုးလောင်စာကို စတင်သုံးစွဲကတည်းက ဂျီရယ် အပါအဝင် လူပေါင်း ၈ ယောက်သေဆုံးပြီး တစ်ထောင်ခန့်က ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တဲ့အတွက် ဆေးရုံမှာ ဆေးကုသခံယူ နေရ ပါတယ်။ သေဆုံးသူအများစုဟာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်အရွယ်ကြီးသူတွေ ဖြစ်ကြောင်း သိရပါတယ်။
မွန်ဂိုလီးယားမြို့တော် အူလန်ဘာတာဟာ ကမ္ဘာပေါ်မှာ အအေးဆုံးမြို့ဖြစ်ပြီး အဲဒီမှာ နေထိုင်သူတွေရဲ့ တစ်ဝက် ခန့်သာ အပူပေးစက်တွေရှိ ကျန်တစ်ဝက်ဟာ မီးသွေးဖိုနဲ့ နေထိုင်ကြရပါတယ်။
ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းဆုံး မြို့တွေထဲမှာပါဝင်တဲ့ အူလန်ဘာတာမှာ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် နဲ့ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်ကို ခံနိုင်ရန် ကျောက်မီးသွေးကို မီးရှို့တာကို အစားထိုးရန်နိုင်အတွက် အစိုးရက အစားထိုးလောင်စာတောင့် အသုံးပြုပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ကြိုးစားနေတာ ဖြစ်ပါတယ်။
အစားထိုးလောင်စာတောင့်က အချိန်ပိုကြာပြီး မီးခိုးနည်းနည်းသာထွက်ကြောင်း အစိုးရအရာရှိတွေ ပြောဆို သလို အစားထိုးလောင်စာကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးတွေ စတင်တွေ့ရကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
မွန်ဂိုလီးယားသိပ္ပံအကယ်ဒီကျောင်းက ရူပဗေဒပညာရှင်ကတော့ အစားထိုးလောင်စာက လေထုညစ်ညမ်းမှု လျော့ချနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် လုံခြုံစွာသုံးစွဲနိုင်ရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အစားထိုးလောင်စာက ထူပြီးသိပ်သည်းတဲ့အတွက် သူ့ကို လောင်ကျွမ်းရန် အောက်ဆီဂျင် နှစ်ဆ လိုအပ် ပါတယ်။ သုံးစွဲသူတွေက သာမန် ကျောက်မီးသွေးလို လောင်ကျွမ်းအောင်လုပ်ဆောင်တဲ့အတွက် အောက်ဆီဂျင် ကို ကန့်သတ်မှုရှိတဲ့အခါ ကာဗွန်မိုနောက်ဆိုဒ်တွေ အဆိပ်သင့်စေပါတယ်လို့ ပြောပါတယ်။
အစိုးရပိုင် အစားထိုးလောင်စာတောင့် စက်ရုံကလည်း သူတို့ထုတ်လုပ်တဲ့ ပစ္စည်းကို အသုံးပြုမယ်ဆိုရင် မီးဖိုးဟောင်းကို သန့်ရှင်းဖို့လိုအပ်ေကြောင်း၊ အခုတော့ မွန်ဂိုလီးယားရိုးရာအိမ်တွေနဲ့ နေထိုင်ရာ ကွန်မြူနစ်တီမှာ မီးဖိုတွေပါစတင်ပေးအပ်နေကြောင်း၊ နောင်ကို မီးခိုးသတိပေးစက်များပေး တပ်ဆင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
MDN
ကိုးကား - AFP


