နိုဝင်ဘာ ၁၉

 

မွန်ဂိုလီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၇၇၅၃၀ ရှိပြီး သေဆုံးသူဦးရေ ၁၈၅၂ ဦးရှိလာသည်ဟု ယနေ့တွင်ဖော်ပြထားသည်။

 

အဆိုပါ ရောဂါကူးစက်ဖြစ်ပွားသူထက်ဝက်ကျော်မှာ မြို့တော်တွင် ကူးစက်မှုဖြစ်ပွားခြင်းဖြစ်ပြီး ကူးစက်သူ အားလုံးသည် ပြည်တွင်း ကူးစက်မှုများဖြစ်သည်ဟု ဆိုသည်။

 

မကြာသေးမီရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါကူးစက်သူဦးရေ သိသိသာသာကျဆင်းလာသည်။ ယင်းသို့ကူးစက်မှု ကျဆင်းလာခြင်းသည် ကာကွယ်ဆေးထိုးခြင်းနှင့် ဒယ်လ်တာကူးစက်မှုလှိုင်း အဆုံးသတ်နှင့်ဆက်စပ်နေသည်ဟု ၎င်းတို့အနေဖြင့်ယုံကြည်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ကျန်းမာရေးဝန်ကြီးက ပြောကြားထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုဖြစ်ပွားဆဲလူနာ ၂၉၆၃၉ ဦး ရှိသည်။

 

နိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်း၊ လူဦးရေ ၂ ဒသမ ၂၄ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူများဖြစ်ပြီး ၎င်းတို့အနက် အသက် ၁၈ နှစ် အထက်ရှိသူ ဦးရေ ၅၄၂၄၈၀ သည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။

 

နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် ကိုဗစ်အားဖြည့်ကာကွယ်ဆေး ထိုးနှံမှုခံယူသင့်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို