ရန်ကုန်    စက်တင်ဘာ    ၁၄

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀) ပထမနေ့ကို စက်တင်ဘာ ၁၄ ရက်က ပဒုမ္မာကွင်း၌ကျင်းပရာ သစ္စာအားမာန်အသင်းက ရာမညယူနိုက်တက်အသင်းကို သုံးဂိုးပြတ် အနိုင်ရ ခဲ့သည်။

သစ္စာအားမာန်အသင်းသည် ဂိုးပြတ်နိုင်ပွဲဖြင့် နိုင်ပွဲဆက်ခဲ့ပြီး ထိပ်ဆုံး ငါးသင်းစာရင်းဝင်ရန်   မျှော်လင့်ချက်ပိုကောင်းလာသည်။ ရာမညယူနိုက်တက်အသင်းမှာမူ ဒုတိယအကျော့တွင် ရုန်းကန်နေရပြီး ၁၂ ပွဲ မြောက်  ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရသည်။    သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးများကို ၄၅+၁ မိနစ်တွင် အိုကေချစ်၊ ၅၉ မိနစ်တွင် ဇင်ဖြိုးပိုင်နှင့် ၈၈ မိနစ်တွင် သူရအောင်တို့က သွင်းယူ ခဲ့သည်။ ယခုပွဲအပြီးတွင် သစ္စာအားမာန်အသင်းက ပွဲ ၂၀ ကစား ၃၃ မှတ်၊ ရာမညယူနိုက်တက် အသင်းက ၁၉ ပွဲကစား ၁၉ မှတ် ရရှိထားသည်။

ပွဲစဉ် (၂၀) ဒုတိယနေ့ကို စက်တင်ဘာ ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ သန်လျင်သီဟဒီပကွင်း၌ Falcon အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ Dagon Port အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - မောင်စံကြီး

ဓာတ်ပုံ - MNL