နေပြည်တော် ၁၂ မတ်
တောင်ပြို(ဝဲ)မြို့၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် မိတ်ဘက်တွေ့ဆုံ အစည်းအဝေးကို မတ် ၁၁ ရက် ညနေ ပိုင်းတွင် ပြုလုပ်ခဲ့ရာ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမှတ်(၃၄) နယ်ခြားစောင့်တပ်ရင်းမှူး Lieutenant Colonel Ali Haidur Azad Ahamad ဦးစီးသည့်အဖွဲ့တို့ တက်ရောက် ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


