နေပြည်တော် ၂၁ ဖေဖော်ဝါရီ
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ယာယီရဲမှူး ကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၄)ပါ (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Nila ကင်းစခန်းမှ Noyeb Subedar Md Shajahan Ali ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ်(၂)စီး စုစုပေါင်း(၄)စီးတို့ဖြင့် စပယ်ပင်ရင်းချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၁)မှ ပြူးမချောင်းဝထိပ်အနီး ရေမိုင်အမှတ်(၁၅)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


