ထားဝယ် ၁၇ မတ်
မြို့မယဉ်ငေးသာသနာ့ ရိပ်သာကျောင်း ဆရာတော် ဦးဣန္ဒဉာဏ မှ ဦးစီး၍ မြို့မယဉ်ငေး သာသနာရိပ်သာတွင် ဖွင့်လှစ်ထားသော (၂၁)ကြိမ်မြောက် ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းသား ရှင်သာမဏေ အပါး ၂၇၀ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ကန်ချဘူရီမြို့မှ သံဃာတော်(၆)ပါး၊ ရှင်သာမဏေ (၂၄)ပါး၊ စုစုပေါင်း အပါး ၃၀၀ သည် ယနေ့ နံနက် ၇ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း လှည့်လည် အကြည်ညိုခံသည်။
မြန်မာ-ထိုင်း ရှင်သာမဏေများသည် ထားဝယ်မြို့မ ယဉ်ငေးသာသနာ့ရိပ်သာ မှ တစ်ဆင့် အာဇာနည်လမ်း အတိုင်းကရပ်ပြင်လမ်းဆုံမီးပွိုင့်အထိ၊ ၎င်းမှတစ်ဆင့် အုန်းတောလမ်းအတိုင်း ဥတ္တံတားကြီးလမ်းဆုံမီးပွိုင့်၊ ၎င်းမှတစ်ဆင့် နိဗ္ဗာန်လမ်းအတိုင်း မြိတ်တန်းလမ်းဆုံမှ ဗိုလ်ချုပ်လမ်း၊ မင်္ဂလာလမ်းမှ ဘုရားရှစ်မြှောင့်အထိ မြို့အတွင်း လှည့်လည်အကြည်ညိုခံခဲ့ရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူက ဆွမ်းခြောက်များလောင်းလှူခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN


