ရန်ကုန်   မေ   ၂၅

မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၄၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ မြန်မာအသင်းသည် အုပ်စု(က) ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဥဇဘက်ကစ္စတန်တို့နှင့် ကျရောက်နေပြီး အခြားအုပ်စုများအဖြစ် အုပ်စု(ခ)တွင် ကာတာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ အုပ်စု(ဂ)တွင် ဂျပန်၊ ယီမင်၊ ပါလက်စတိုင်း၊ လာအို၊ ဂူအမ်၊ အုပ်စု(ဃ)တွင် ဂျော်ဒန်၊ တရုတ်(တိုင်ပေ)၊ ဆီးရီးယား၊ တာ့ခ်မင်နစ္စတန်၊ မြောက်မာရီယာနာကျွန်းစု၊ အုပ်စု(င)တွင် တောင်ကိုရီးယား၊ မလေးရှား၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ၊ အုပ်စု(စ)တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ အုပ်စု (ဆ) တွင် ထိုင်း၊ အိုမန်၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အုပ်စု(ဇ)တွင် သြစတြေးလျ၊ အီရတ်၊ အိန္ဒိယ၊ ကူဝိတ်၊ အုပ်စု(ဈ)တွင် တာဂျစ်ကစ္စတန်၊ ကမ္ဘောဒီးယား၊ လက်ဘနွန်၊ စင်ကာပူ၊ အုပ်စု (ည)တွင် ယူအေအီး၊ အီရန်၊ ကာဂျစ္စတန်နှင့် ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းပါဝင်သော အုပ်စု(က) ပွဲစဉ်များကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲအပါအဝင် အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အသင်း ၄၄ သင်းကို အုပ်စု ၁၀ ခု ခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု(ဃ)တွင် အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မော်လ်ဒိုက်၊ ကူဝိတ် အသင်းတို့နှင့် ပါဝင်နေပြီး အုပ်စု(က)တွင် ဂျပန်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဖိလစ်ပိုင်၊ တာ့ခ်မင် နစ္စတန်၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ပါလက်စတိုင်း၊ ဂူအမ်၊ ယူအေအီး၊ အုပ်စု(ဂ) တွင် အိုမန်၊ အီရတ်၊ ကာတာ၊ လက်ဘနွန်၊ ဘာရိန်း၊ အုပ်စု(င)တွင် ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ဘူတန်၊ အုပ်စု(စ)တွင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ နီပေါ၊ အုပ်စု(ဆ) တွင် သြစတြေးလျ၊ တရုတ်၊ ကမ္ဘောဒီးယား၊ မြောက်မာရီယာနာ ကျွန်းစု၊ အုပ်စု(ဇ)တွင် တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ တီမော၊ မွန်ဂိုလီးယား၊ အုပ်စု(၅)တွင် အီရန်၊

ဟောင်ကောင်၊ ကာဂျစ္စတန်၊ လာအို၊ အုပ်စု (ည)တွင် တောင်ကိုရီးယား၊ ဘရူနိုင်း၊ ဥဇဘက် ကစ္စတန်နှင့် သီရိလင်္ကာတို့ ပါဝင်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု(ဃ)ပွဲစဉ်များကို ဆော်ဒီအာရေဗျနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။

ကိုညီလေး