နေပြည်တော် ၁၆ မတ်
၂၀၁၉ ခုနှစ် (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲ စုစုပေါင်း ၈၅၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် ၁၂၀၁ မှ ၂၄၀ဝ အထိ တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၈၅၈ တွဲကို ယူရိုငွေ ၇၈ ဒသမ ၈၂၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ယမန်နေ့က ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၁၂၀ဝ အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၁၀၅၀ တွဲကို ယူရိုငွေ ၄၆ ဒသမ ၅၀၅ သန်းဖြင့် ရောင်းချနိုင်ခဲ့သဖြင့် ယနေ့အထိ ကျောက်စိမ်းအတွဲစုစုပေါင်း ၁၉၀၈ တွဲကို ရောင်းချရမှုမှ ယူရိုငွေ ၁၂၅ ဒသမ ၃၃၀ သန်း ရရှိကြောင်း သိရသည်။
(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ မတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၄၀၁ မှ ၃၆၀ဝ အထိလည်းကောင်း၊ မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိလည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၄၈၀၁ မှ ၆၀ဝ၀ အထိလည်းကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိလည်းကောင်း ခင်းကျင်းပြသရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့မှ ပြည်ပရတနာကုန်သည်စုစုပေါင်း ၂၉၁၁ ဦးနှင့် ပြည်တွင်းရတနာ ကုန်သည် ၁၆၄၆ ဦး စုစုပေါင်းရတနာကုန်သည် ၄၅၅၇ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ကြသည်။
သတင်း- မွှေးကြူဇင်၊ ဓာတ်ပုံ- အေးသန်း


