နေပြည်တော် ၁၂ မတ်
မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့ တေရသမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကို မတ် (၁၇) ရက် နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)ရန်ကုန်တွင် ကျင်းပမည်ဖြစ်သည်။
ထို့ပြင် ဆဋ္ဌမအကြိမ် ဆေးရုံစီမံခန့်ခွဲမှုသင်တန်းကို မတ် ၁၇ ရက်မှ ၂၃ ရက် အထိ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံများ၊ အထူးကုဆေးခန်းများ၊ ပုဂ္ဂလိကဆေးခန်းများမှဆရာဝန်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
မောင်လူမော်


