ရန်ကုန် ဒီဇင်ဘာ ၉

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက ပြုလုပ်သော Annual Review and Planning Meeting ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကားပြောကြားပြီး အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေးက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း Delegation office မှ Relief Coordinator/Deputy Operation Manager Mr. Hajime Matsunaga က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

အစည်းအဝေးဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှု ကော်မတီဒုတိယဥက္ကဋ္ဌ၊ အသင်းဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ စီမံချက်များမှ ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့ကြောင်း သိရသည်။   

 

သတင်းစဉ်